Banner Top

Member Area

အောက်တိုဘာ ၂၆ ရက်နေ့မှာ စစ်မှုထမ်းတော့မယ့် EXO အဖွဲ့ဝင် Chen

  •  WN
  • Category: News

EXO အဖွဲ့ဝင် Chen ဟာ အခုလထဲမှာ စစ်မှုထမ်းတော့မယ်ဆိုတာကို သူ့ရဲ့ လက်ရေးစာနဲ့ ပရိသတ်တွေကို ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၁၆ ရက်မှာ EXO အဖွဲ့ဝင် Chen ဟာ အဖွဲ့ရဲ့ တရားဝင် ပရိသတ်အသိုင်းအဝန်းဖြစ်တဲ့ Lysn ကနေ ပရိသတ်တွေဆီ လက်ရေးစာတစ်စောင်ကို မျှဝေခဲ့ပါတယ်။

Ekan6j UUAINWJL

အဲ့ဒီစာထဲမှာ


"မင်္ဂလာပါ။ Chen ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ အပူချိန်ကွာခြားချက် ပြင်းထန်လာတဲ့ အခုလိုရက်ပိုင်းမှာ အားလုံး ကျန်းမာကြရဲ့လား။ ပူတဲ့နေ့တွေ ပိုတွေ့ရပြီး အခုတော့ ပူနွေးတဲ့ ဆောင်းဦးဖြစ်နေပါပြီ။ ဒီစာကို ကျနော်ရေးသားပြီး ခင်ဗျားတို့ကို နှုတ်ဆက်လိုက်ရတဲ့ အကြောင်းကတော့ ကျနော်ဟာ အောက်တိုဘာလ ၁၆ ရက်နေ့မှာ စစ်မှုထမ်းတော့မယ်ဆိုတာကို ဒီနေ့မှာ အားလုံးကို သိစေချင်တဲ့အတွက်ဖြစ်ပါတယ်။ ဒီအချိန်တွေအတွင်းမှာ လူတစ်ယောက်အနေနဲ့ ကြီးပြင်းနိုင်ဖို့ ကျနော့်ရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းကျန်းမာရေးကို ကောင်းကောင်းစောင့်ရှောက်ပြီး ပိုကောင်းတဲ့ ပုံရိပ်နဲ့ အားလုံးကို နှုတ်ဆက်ပါ့မယ်။ အားလုံးဟာ အမြဲတမ်းလိုပဲ လှလှပပနဲ့ ကျန်းကျန်းမာမာဆက်လက်နေထိုင်ကြပါစေလို့ ကျနော်မျှော်လင့်ပါတယ်။ အမြဲကျေးဇူးတင်ပါတယ်။ ပြီးတော့ချစ်ပါတယ်။"

လို့ ဖော်ပြထားပါတယ်။

Ekan5BtVoAIHYFp

ဒါ့အပြင် SM အင်တာတိန်းမန့်ကလည်း Chen ရဲ့ စစ်မှုထမ်းမယ့် အစီအစဉ်ကို အခုလို အတည်ပြုထားပါတယ်။

"Chen ဟာ အောက်တိုဘာ ၂၆ ရက်မှာ စစ်မှုထမ်းမယ်ဆိုတာ အမှန်ပဲ ဖြစ်ပါတယ်။ စစ်မှုထမ်းမယ့် နေရာနဲ့ အချိန်ကိုလည်း သီးသန့်ထားရှိမှာဖြစ်ပါတယ်။"

စစ်မှုထမ်းဆောင်နေတဲ့အချိန်အတွင်းမှာလည်း Chen တစ်ယောက် ကံကောင်းမှုတွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top