Banner Top

Member Area

'Flower Road' သီချင်းဖြန့်ချိခဲ့ခြင်းကြောင့် ပြည်သူဝန်ထမ်းဥပဒေချိုးဖောက်နိုင်သည်ဟုဆိုကာ T.O.P ကို စုံစမ်းစစ်ဆေးနေ

  •  Uchun
  • Category: News

BIG BANG အဖွဲ့ဝင် T.O.P ဟာ လက်ရှိမှာ ယုံဆန်ခရိုင်မှာ စစ်ဆေးခံနေတယ်လို့ဆိုပါတယ်။

T.O.P ဟာ ၂၀၁၅-၂၀၁၆ ခုနှစ်မှာ "Flower Road" သီချင်းကို အသံသွင်းခဲ့တာဖြစ်ပေမယ့် အဲဒီသီချင်းကို ပြီးခဲ့တဲ့ မတ် ၁၃ ရက်မှ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ သူဟာ ပြည်သူ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေရတာ ဖြစ်ပါတယ်။ ယုံဆန်ခရိုက်ရုံးကတော့ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ တာဝန်ထမ်းဆောင်နေစဉ်မှာ အခြားအလုပ်တွေကို လုပ်ကိုင်ခွင့်တားမြစ်ထားတဲ့ ပြည်သူ့ဝန်ထမ်းအလုပ်သမားနဲ့ ပတ်သက်တဲ့ ဥပဒေ အပိုဒ် ၂၈ ကို T.O.P က ချိုးဖောက်ခဲ့ခြင်း ရှိ၊ မရှိ ဆိုးလ်ရဲတပ်ဖွဲ့ထံ အကြောင်းကြားထားတယ်လို့ဆိုပါတယ်။

ယုံဆန်ခရိုင်ရုံးက "အဲဒီသီချင်း ဖြန့်ချိတာကို ခွင့်ပြုလား ခွင့်မပြုဘူးလားဆိုတာ ကျွန်တော်တို့ အတည်ပြုချက် တောင်းခံထားပါတယ်၊ စစ်တပ်လူ့စွမ်းအားစီမံခန့်ခွဲရေးအဖွဲ့ဟာ ဒီတစ်ပတ်အတွင်းမှာ အခြေအနေကို ကြည့်ရှုပြီးတော့ ကျွန်တော်တို့ကို အဖြေပြန်ပေးမှာပါ" လို့ ပြောဆိုထားပါတယ်။

အဲဒီသီချင်းကို ၂၀၁၅-၂၀၁၆ ခုနှစ်မှာ ပြီးစီးခဲ့တာဖြစ်ကြောင်း အဲဒီသီချင်းကို ဖြန့်ချိမယ်လို့ သူမသိရှိကြောင်း ခရိုင်ရုံးကို T.O.P က ပြောဆိုခဲ့ပါတယ်။ T.O.P ဟာ စာချုပ်သက်တမ်းနဲ့ သီချင်းထုတ်လုပ်မှုများ ပါဝင်ပတ်သက်မှုကို စုံစမ်းစစ်ဆေးမှုအတွက် စာချုပ်ကို တင်သွင်းပေးဖို့ ခရိုင်ရုံးက တောင်းဆိုထားပါတယ်။ စစ်တပ်လူ့စွမ်းအားစီမံခန့်ခွဲမှုအဖွဲ့ကတော့ "အသေးစိတ်ကိုတော့ ကျွန်တော်တို့ သိခွင့်ပြုမှာမဟုတ်ပါဘူး" လို့ ပြောဆိုထားပါတယ်။
allkpop

ဆက်စပ်နေသော ရေးသားချက်များ

Banner Top