Warning
  • JUser: :_load: Unable to load user with ID: 935

Banner Top

Member Area

နိုင်ငံတကာအိုလံပစ်ကော်မတီဖွင့်ပွဲတွင် EXO အဖွဲ့ဝင် Baekhyun နှင့် VIXX အဖွဲ့တို့ ဖျော်ဖြေမည်

  •  
  • Category: News

EXO အဖွဲ့ဝင် Baekhyun နဲ့ VIXX အဖွဲ့တို့ဟာ နိုင်ငံတကာအိုလံပစ်ကော်မတီ OIC အတွက် အထူးဖျော်ဖြေမှု တစ်ခုကို တင်ဆက်ကြမှာပဲဖြစ်ပါတယ်။ IOC ဟာ ဖေဖော်ဝါရီ ၆ ရက်ကနေ ၈ ရက်အထိ ဖြောင်းချန်းမြို့မှာ သူတို့ရဲ့ ၁၃၂ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပမှာဖြစ်ပါတယ်။ အဲဒီကွန်းဖရင့်မတိုင်ခင်မှာ ဖေဖော်ဝါရီ ၅ ရက် Gangneung အနုပညာစင်တာမှာ ဖွင့်ပွဲအခမ်းအနားကို ကျင်းပမှာပဲ ဖြစ်ပါတယ်။

ဖွင့်ပွဲအခမ်းအနားမှာတော့ EXO အဖွဲ့ဝင် Baekhyun ဟာ နိုင်ငံတော်သီချင်းကို သီဆိုမှာဖြစ်ပါတယ်။ နိုင်ငံတော် သီချင်းကို သီဆိုပြီးတဲ့နောက် အိုလံပစ်ပွဲကျင်းပရေးကော်မတီဥက္ကဌ လီဟီးဘောင်နဲ့ တောင်ကိုရီးယားသမ္မတမွန်းဂျယ်အင်းတို့အပါအဝင် အရေးကြီးပုဂ္ဂိုလ်တွေက အဖွင့်အမှာစကားနဲ့ ဂုဏ်ပြုစကား ပြောဆိုကြမှာပဲ ဖြစ်ပါတယ်။

Baekhyun VIXX

 

အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုထဲမှာတော့ VIXX အဖွဲ့ရဲ့ “Shangri-La" သီချင်းဖျော်ဖြေမှု၊ တိုက်ကွမ်ဒိုအဖွဲ့ ဖြစ်တဲ့ K-Tigers နဲ့ အခြားအခြားသော ယဉ်ကျေးမှုဂီတပညာရှင်တွေနဲ့ အကသမားတွေ ပါဝင်မှာလည်း ဖြစ်ပါတယ်။ အဲဒီအခမ်းအနားကို KBS1 ရုပ်သံလိုင်းကနေ ဖေဖော်ဝါရီ ၅ ရက် ကိုရီးယားစံတော်ချိန် ညနေ ၇ နာရီ ၃၀ မိနစ်မှာ တိုက်ရိုက် Live ထုတ်လွှင့်ပြသသွားမှာပဲ ဖြစ်ပါတယ်။

soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top