Banner Top

Member Area

'Single's Inferno' အစီအစဉ်မှာ ပါဝင်ဖို့ ချာယောင်းဆွန်းကို တိုက်တွန်းခဲ့တဲ့ ဆွန်းမီ

  •  Y Nay
  • Category: News

အဆိုတော် ဆွန်းမီဟာ သူ့ရဲ့ Backup Dancer ချာယောင်းဆွန်းကို အဲဒီအစီအစဉ်မှာ ပါဝင်ဖို့ ကမ်းလှမ်းချက်ကို လက်ခံဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီ ၂၇ ရက်မှာ ကျန်းမာရေးရာမဂ္ဂဇင်း 'Men's Health Korea' ဟာ သူတို့ရဲ့ ဖေဖော်ဝါရီလအတွက် ချာယောင်းဆွန်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုကို ဖြန့်ချိခဲ့ပါတယ်။ အဲဒီမဂ္ဂဇင်းမှာ‌တော့ ကင်မရာရှေ့မှာ ကျစ်လစ်တဲ့ခန္ဓာကိုယ်ကို ပြသနေတဲ့ ချာယောင်းဆွန်းရဲ့ ပုံရိပ်တွေ ပါဝင်ပါတယ်။

20220127 053652 895 0

အဲဒီအင်တာဗျူးမှာ 'Single's Inferno' အစီအစဉ်မှာပါဝင်ခဲ့တဲ့အကြောင်းနဲ့ ပတ်သက်လို့ ချာယောင်းဆွန်းက 'ပထမဆုံး ကျနော်ကကမ်းလှမ်းချက်ကို ငြင်းခဲ့ပါတယ်။ ဆွန်းမီ နဲ့ ကျနော့်ဘေးက အသိမိတ်ဆွေတွေက ကျနော့်ကို တွန်းအားပေးပြီး အကြံဉာဏ်တွေလည်း အများကြီး ပေးခဲ့ကြပါတယ်။" လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီအစီအစဉ်မှာ ပါဝင်ခဲ့ပြီးတဲ့နောက် ချာယောင်းဆွန်းဟာ အရမ်းပျော်ရွှင်ခဲ့ရတယ်လို့လည်းဆိုပါတယ်။ သူက "လူတော်တော်များများက ကောင်းမွန်ကြပြီး ရိုက်ကူးရေးကလည်း ပျော်ဖို့ကောင်းပါတယ်။" လို့ ဆိုပါတယ်။

20220127 055348 078 0

ချာယောင်းဆွန်းဟာ 'Water Bomb 2018' ပွဲတော်မှာ ဆွန်းမီရဲ့ ခပ်ဟော့ဟော့ အကသမားအဖြစ် ပါဝင်ခဲ့ရာကနေ ပရိသတ်စိတ်ဝင်စားမှုရရှိခဲ့တာဖြစ်ပါတယ်။ သူဟာဆွန်းမီနဲ့သာမက TVXQ, BTOB တို့နဲ့လည်း အလုပ်အတူ တွဲလုပ်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top