Banner Top

Member Area

ချန်းဆောင်းရဲ့ သတို့သမီးလောင်းနဲ့ပတ်သက်လို့ JYP အင်တာတိန်းမန့်ဘာပြောလဲ

  •  Y Nay
  • Category: News

အခုဖော်ပြချက်ကတော့ ချန်းဆောင်းရဲ့ သတို့သမီးလောင်းနဲ့ပတ်သက်လို့ JYP အင်တာတိန်းမန့်ရဲ့ ထုတ်ပြန်ချက်ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၅ ရက်မှာ 2PM အဖွဲ့ဝင် ချန်းဆောင်းဟာ သူ့ထက် အသက် ၈ နှစ်ကြီးတဲ့ စီနီယာ အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်တော့မှာဖြစ်တယ်လို့ မီဒီယာအသီးသီးကနေ သတင်းတွေ ဖော်ပြခဲ့ကြပါတယ်။ အဲဒီသတင်းတွေထွက်လာပြီး မကြာမီမှာပဲ JYP အင်တာတိန်းမန့်ကနေ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါတယ်။

အေဂျင်စီက 'ချန်းဆောင်းနဲ့ ကျနော်တို့ရဲ့ စာချုပ်ဟာ ဇန်နဝါရီ ၂၄ ရက်မှာ သက်တမ်းကုန်ဆုံးခဲ့ပါပြီ။ ဒါဟာ အနုပညာရှင်အတွက် ကိုယ်ရေးကိုယ်တာကိစ္စဖြစ်တာကြောင့် အဲဒါကို အတည်ပြုပေးဖို့ ခက်ခဲတယ်ဆိုတာ နားလည်ပေးဖို့ ကျနော်တို့တောင်းဆိုလိုပါတယ်။" လို့မှတ်ချက်ပေးပါတယ်။ ချန်းဆောင်းနဲ့ သူ့ရဲ့ သတို့သမီးလောင်းတို့ဟာ ၂၀၂၂ ခုနှစ်အစောပိုင်းမှာ လက်ထပ်ကြမှာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးဖြစ်ပါတယ်။ ကိုဗစ်-၁၉ ပျံ့နှံ့လာမှုကြောင့် လက်ထပ်ပွဲကို နီးစပ်တဲ့ရင်းနှီးသူတွေ မိသားစုဝင်တွေနဲ့ပဲ သီးသန့်ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

ဆက်စပ်နေသော ရေးသားချက်များ

Banner Top