Banner Top

Member Area

မင်းသမီးဟန်ဟျိုဂျူ စကပ်ပြဲသွားတဲ့အချိန်မှာ လူကြီးလူကောင်းဆန်ဆန်ပြုမူခဲ့တဲ့ လီဂွမ်ဆူ

  •  Y Nay
  • Category: News

အင်တာဗျူးတစ်ခုမှာ မင်းသမီးဟန်ဟျိုဂျူ စကပ်ပြဲသွားတဲ့အချိန်မှာ လီဂွမ်ဆူရဲ့ လူကြီးလူကောင်းဆန်ဆန်ပြုမူမှုက လေးစားအားကျစရာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့တုန်းက နာမည်ကျော် Youtube ချန်နယ်တစ်ခုဖြစ်တဲ့ MMTG ကနေ မင်းသားလီဂွမ်ဆူ၊ မင်းသမီးဟန်ဟျိုဂျူနဲ့ မင်းသားဂန်ဟာနူးတို့ ပါဝင်တဲ့ အင်တာဗျူးတစ်ခုကို မျှဝေခဲ့ပါတယ်။

201631437 1280

အဲဒီအင်တာဗျူးမစခင်မှာပဲ တင်ဆက်သူ ဂျယ်ဂျယ်က စိတ်လှုပ်ရှားတဲ့ ခံစားချက်ရရှိစေဖို့လှိုင်းလုံးပုံစံလုပ်ဖို့ ကြိုးစားစေခဲ့ပါတယ်။

201631436 1280

သူတို့တွေက မတ်တပ်ထလိုက ထိုင်လိုက်နဲ့ လှိှုင်းပုံစံလုပ်ခဲ့ရာကနေ တစ်ချိန်မှာ မင်းသမီး ဟန်ဟျိုဂျူက ရုတ်တရက် 'ကျမရဲ့ စကပ်ပြဲသွားပြီထင်တယ်' လို့ ပြောခဲ့ပြီး သူ့စကပ်ထိပ်ပိုင်းကို ကိုင်ခဲ့ပါတယ်။ အဲဒါကိုကြားလိုက်တဲ့ လီဂွမ်ဆူက မတ်တပ်ထလိုက်ပြီး မင်းသမီး ကင်မရာတွေကြားမှာ မတ်တပ်ရပ်လိုက်ပါတယ်။ အကြောင်းကတော့ မင်းသမီးတွေကို ကင်မရာတွေနဲ့ မရိုက်မိစေဖို့ဖြစ်ပါတယ်။

မင်းသမီးကင်မရာဇုန်ကနေ ထွက်လာနိုင်တဲ့အထိ လီဂွမ်ဆူက ကာကွယ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒါတွေဖြစ်နေချိန်မှာ မင်းသားဂန်ဟာနူးကတော့ ဟာသဆန်ဆန် အပြုအမူတစ်ခုကိုလုပ်ခဲ့ပါတယ်။ Jaejae က "တစ်ဖက်လှည်ပြီး အဲဒီလိုနေကြပါ" လို့အော်ခဲ့ပါတယ်။

201631435 1280

အဲဒါကိုကြားလိုက်ရပြီးတဲ့နောက် ဂန်ဟာနူးဟာ ချက်ချင်းတစ်ဖက်ကိုလှည့်သွားပြီး နံရံမှာ သွားကပ်နေခဲ့တာကိုတွေ့ရပါတယ်။ ဟန်ဟျိုဂျူက စကပ်ကိုပြင်ပြီးတဲ့အခါ Jaejae က ရပြီလို့ ပြောလိုက်လို့ ဂန်ဟာနူးက 'အခုအားလုံးအဆင်ပြေသွားပြီလား' လို့ပြန်မေးခဲ့ပါတယ်။

 

ဟန်ဟျိူဂျူ ပြန်လာတဲ့အချိန်မှာ သူက 'ကျမရဲ့ စကပ်က အစမှာတင်ပြဲသွားတယ်ဆိုတာ မယုံနိုင်ဘူး' လို့ပြောဆိုခဲ့ပါတယ်။ အဲဒီအခါ လီဂွမ်ဆူက 'သေချာတာပေါ့ ငါ့တို့ ကိုယ်ကိုယ်ကိုတောင် ပရိသတ်တွေကို မိတ်မဆက်ရသေးဘူးလေ'လို့ပြောဆိုခဲ့ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top