'Spiderman' ပုံရိပ်နဲ့အလိုက်ဖက်ဆုံး Idol အဖြစ် NCT အဖွဲ့ဝင် Mark ရွေးချယ်ခံရ
- Y Nay
- Category: News
Mark ဟာ 'Spiderman' ပုံရိပ်နဲ့အလိုက်ဖက်ဆုံး Idol အနေနဲ့ ရွေးချယ်ခံခဲ့ရပါတယ်။
Kpop မဲပေးတဲ့ App ဖြစ်တဲ့ IDOL CHAMP က 'Spiderman' ပုံရိပ်နဲ့ အလိုက်ဖက်ဆုံး Idol ဘယ်သူလဲဆိုတာကို ပရိသတ်တွေထံ မေးမြန်းတဲ့စစ်တမ်းတစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။
အဲဒီ မဲစာရင်းစစ်တမ်းကို ဒီဇင်ဘာ ၂၂ ရက်ကနေ ဇန်နဝါရီ ၅ ရက်အထိ ၂ ပတ်ကြာ ဖွင့်လှစ်ခဲ့ရာမှာ မဲပေါင်း ၁ သိန်း ၈ သောင်းကျော်ရရှိခဲ့ပြီး NCT အဖွဲ့ဝင် Mark က အဲဒီလူထုစစ်တမ်းရဲ့ ထိပ်ဆုံးနေရာမှာရှိခဲ့ပါတယ်။
Mark ဟာ မဲအားလုံးရဲ့ ၄၀ ဒသမ ၄၆ ရာခိုင်နှုန်းနဲ့ ပထမဆုံးနေရာကိုရရှိိခဲ့ပါတယ်။ ဒုတိယနေရာမှာတော့ SEVENTEEN အဖွဲ့ဝင် Joshua က ၂၉ ဒသမ ၂၅ ရာခိုင်နှုန်း၊ BTS အဖွဲ့ဝင် Jimin က ၁၁ ဒသမ ၆၄ ရာခိုင်နှုန်း၊ MONSTAX အဖွဲ့ဝင် I.M က ၃ ဒသမ ၉၅ ရာခိုင်နှုန်း နဲ့ Dreamcatcher အဖွဲ့ဝင် Siyeon တို့က ၃ ဒသမ ၆၅ ရာခိုင်နှုန်းနဲ့ နံပါတ် ၅ နေရာအထိ အသီးသီးရပ်တည်နေပါတယ်။
Mark ဟာ ၂၀၂၁ ခုနှစ်အတွက် 'SM Halloween House' ပွဲကို 'Spiderman' ဝတ်စုံ ဝတ်ဆင်ပြီး တက်ရောက်ခဲ့ပါတယ်။ ပရိသတ်တော်တော်များများက Mark ဟာ အဲဒီဝတ်စုံနဲ့ တော်တော်လေးကို လိုက်ဖက်ပြီး ပင့်ကူလူသားပုံရိပ်နဲ့လည်း တော်တော်လေး သင့်လျော်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။
ဆက်စပ်နေသော ရေးသားချက်များ
-
NCT အဖွဲ့ဝင် ဒိုယောင်းခေါင်းဆောင်ပါဝင်မယ့် "The Curious Stalker" ဒရာမာအကြောင်း
The Curious Stalker ဒရာမာဟာ NCTzen တွေစောင့်မျှော်နေရတဲ့ ဒရာမာကားလေးပါ။
-
90's Love အတွက် teaser ကို ယနေ့ညမှာ ဖြန့်ချိသွားမယ့် NCT အဖွဲ့
NCT အဖွဲ့ရဲ့ 90's Love ဂီတဗီဒီယို teaser ကို ယနေ့ညနှောင်းပိုင်းမှာ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
-
အထူး Live Show ပြုလုပ်မယ့် NCT အဖွဲ့
NCT အဖွဲ့က သူတို့ရဲ့ Live Show တစ်ခုကို အယ်လ်ဘမ်အသစ် ထွက်ချိန်နဲ့ တပြိုင်နက်တည်း ပြုလုပ်မှာဖြစ်ပါတယ်။
-
NCT ရဲ့ “RESONANCE Pt2" အယ်လ်ဘမ် အတွက် ပထမဆုံး Teaser ကို ထုတ်ပြ
RESONANCE Pt2 အယ်လ်ဘမ်အတွက် NCT အဖွဲ့ဟာ Teaser ပုံကို ချပြခဲ့ပါတယ်။ -
“RESONANCE Pt. 2” နဲ့ ပြန်လာဖို့ ပြင်ဆင်နေတဲ့ NCT
NCT အဖွဲ့ဟာ “RESONANCE Pt. 2” နဲ့ Comeback ပြန်လာဖို့ ပြင်ဆင်နေပြီလည်း ဖြစ်ပါတယ်။
-
Happy birthday to NCT Winwin!
Happy birthday to NCT Winwin!#OurBraveWinwin #HAPPYWINWINDAY#董思成1028生日快乐#우리의_햇살_윈윈아_생일축하해