Banner Top

Member Area

လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ၄ ရက်ထက် ပိုမနားခဲ့ဖူးတဲ့ မင်းသမီး ဟန်ဆိုဟီး

  •  Y Nay
  • Category: News

မင်းသမီး ဟန်ဆိုဟီးဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာတော်တော်လေး အလုပ်များခဲ့တာပါ။

သူဟာ မကြာသေးခင်တုန်း ဖေဖော်ဝါရီလထုတ် ဖက်ရှင်မဂ္ဂဇင်း 'allure Korea' နဲ့ အင်တာဗျူးတစ်ခုပြုလုပ်ခဲ့ပါတယ်။ လက်ရှိ ကိုရီးယားမှာ ဟော့အဖြစ်ဆုံး မင်းသမီးတစ်ယောက်ဖြစ်တဲ့ ဟန်ဆိုဟီးက သူဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ကာလရှည် နားရက်မရခဲ့ဖူးဘူးလို့ပြောဆိုခဲ့ပါတယ်။

20220118 043807 261 0

သူက "ကျမ ၃ ရက်ကနေ ၄ ရက်အထိ ပဲ နားရက်ရခဲ့ပါတယ်။ ကျမက ၃ ၄ ရက်လောက် နားယူဖို့ကြိုးစားခဲ့တယ်၊ ဒါပေမယ့် ကျမက အလုပ်များနေတာအသားကျနေပြီလို့ ထင်လို့ အိမ်မှာ တကယ်မနေနိုင်ဘူး။ ကျမအတွက် အားလပ်ရက် ၁ ရက် ၂ ရက်ဆိုလုံလောက်ပါပြီ။ ကျမ ၆ လလောက်နားချင်တယ်လို့ ဆုတောင်းရလောက်အောင် ပင်ပန်းခဲ့တဲ့ တစ်ခါတော့ရှိခဲ့ဖူးတယ်။ ဒါပေမယ့် ကျမ မနားနိုင်ခဲ့ဘူး။" လို့ဆိုပါတယ်။

20220118 043813 300 1

မင်းသမီးက "အလုပ်လုပ်နေမှ အသက်ရှင်သလိုခံစားရတယ်လို့ စီနီယာတစ်ယောက်ဆီကနေ ကျမ ကြားခဲ့ရဖူးတယ်။ ကျမလည်း အဲဒီလို ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျမက အလုပ်လုပ်နေတဲ့အချိန်မှာ ကျန်းမာတယ်လို့ ခံစားရတာပါ။ ကျမ အလုပ်ရှိတဲ့အချိန်မှာ အရသာရှိတဲ့အစားအစာတွေ စားတယ် လေ့ကျင့်ခန်းလုပ်တယ်။ ကျမ အိမ်မှာဆို ဘာမှ လုပ်စရာမရှိဘူး ပင်ပန်းတယ်လို့ ခံစားရတယ်။" လို့ဆိုပါတယ်။

20220118 043818 611 2

လက်ရှိမှာတော့ မင်းသမီးဟာ မင်းသား ပတ်ယောင်းရှစ်နဲ့အတူ ပါဝင်မယ့် 'Soundtrack #1' ဒရာမာအတွက် ပြင်ဆင်နေပါတယ်။ အဲဒီဒရာမာကို အခု ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်ကာလမှာ စတင်ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top