Banner Top

Member Area

Stray Kids ရဲ့ 'Back Door' သီချင်း TIME ရဲ့ ၂၀၂၀ အတွင်းအကောင်းဆုံးသီချင်းတစ်ပုဒ်အဖြစ်သတ်မှတ်ခံရ

  •  WN
  • Category: News

Stray Kids အဖွဲ့ရဲ့ ပထမဆုံး repackaged အယ်လ်ဘမ်ဖြစ်တဲ့ 'IN生 (In Life)' ထဲက နောက်ဆုံးထွက်ရှိထားတဲ့ 'Back Door' သီချင်းဟာ TIME မဂ္ဂဇင်းရဲ့ ၂၀၂၀ ပြည့်နှစ်အတွက် အကောင်းဆုံးသီချင်း ၁၀ ပုဒ်ထဲက တစ်ပုဒ်အဖြစ် သတ်မှတ်ခံလိုက်ရတယ်လို့ သိရပါတယ်။


အခုနှစ်ရဲ့ 'The 10 Best Songs of 2020' စာရင်းမှာတော့ "Back Door" သီချင်းဟာ Cardi B နဲ့ Megan Thee Stallion တို့ရဲ့ "WAP" သီချင်း၊ Bad Bunny, Nesi နဲ့ Ivy Queen တို့ရဲ့ "Yo Perreo Sola (Remix)" သီချင်း၊ Bree Runway ရဲ့ "LITTLE NOKIA" သီချင်း၊ Mac Mille ရဲ့ "Good News" သီချင်းတို့လိုမျိုး သီချင်းတွေနဲ့အတူ နံပါတ် ၈ နေရာမှာ ဖော်ပြခံခဲ့ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့မှာတော့ Stray Kids အဖွဲ့ဟာ သူတို့ရဲ့ ပထမဆုံး 'Beyond LIVE' အွန်လိုင်းဖျော်ဖြေပွဲကို ကျင်းပပြီးစီးခဲ့ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top