Logo
Print this page

အယ်လ်ဘမ်အသစ်နဲ့ စံချိန်တွေ ထပ်ချိုးနေပြန်တဲ့ BTS

BTS အဖွဲ့မှာ စံချိန်တွေ ချိုးဖို့နဲ့ နံပါတ်တစ်တွေ စုဆောင်းဖို့ အကျင့်တစ်ခုရှိပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ဂျက်စတင်ဘီဘာပဲ ရရှိနေတဲ့ ဆုကို Billboard Music Awards ဆုပေးပွဲမှာ ပထမဆုံးတောင်ကိုရီးယားအနုပညာရှင် အဖြစ်ရရှိခဲ့ပြီးတဲ့နောက်မှာတော့ သူတို့အဖွဲ့ဟာ ထိပ်တန်းအမေရိကန် Show တစ်ခုဖြစ်တဲ့ The Ellen Show မှာ ပါဝင်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့နှစ်မှာပဲ အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ RM, Suga, J-Hope, Jin, Jimin, V နဲ့ Jungkook တို့ဟာ ထိပ်တန်းသီချင်းတွေကို တစ်ပုဒ်ပြီးတစ်ပုဒ် ဖြန့်ချိခဲ့ပါတယ်။ ဒီနှစ်မှာတော့ အဖွဲ့ဝင် ရဦးပါဝင်တဲ့အဖွဲ့ဟာ နောက်ထပ်အယ်လ်ဘမ်နဲ့ စံချိန်ချိုးလောက်တဲ့ အောင်မြင်မှုကို ဆက်လက်ရရှိနေပြန်ပါတယ်။ BTS အဖွဲ့မှာ စံချိန်တွေ ချိုးဖို့နဲ့ နံပါတ်တစ်တွေ စုဆောင်းဖို့ အကျင့်တစ်ခုရှိပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဂျက်စတင်ဘီဘာပဲ ရရှိနေတဲ့ ဆုကို Billboard Music Awards ဆုပေးပွဲမှာ ပထမဆုံးတောင်ကိုရီးယားအနုပညာရှင် အဖြစ်ရရှိခဲ့ပြီးတဲ့နောက်မှာတော့ သူတို့အဖွဲ့ဟာ ထိပ်တန်းအမေရိကန် Show တစ်ခုဖြစ်တဲ့ The Ellen Show မှာ ပါဝင်ခဲ့ပါသေးတယ်။

 

ပြီးခဲ့တဲ့နှစ်မှာပဲ အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ RM, Suga, J-Hope, Jin, Jimin, V နဲ့ Jungkook တို့ဟာ ထိပ်တန်းသီချင်းတွေကို တစ်ပုဒ်ပြီးတစ်ပုဒ် ဖြန့်ချိခဲ့ပါတယ်။ ဒီနှစ်မှာတော့ အဖွဲ့ဝင် ရဦးပါဝင်တဲ့အဖွဲ့ဟာ နောက်ထပ်အယ်လ်ဘမ်နဲ့ စံချိန်ချိုးလောက်တဲ့ အောင်မြင်မှုကို ဆက်လက်ရရှိနေပြန်ပါတယ်။ 

46528559585526


BTS အဖွဲ့ဟာ သူတို့ရဲ့ တတိယမြောက်ဂျပန်အယ်လ်ဘမ်ဖြစ်တဲ့ FACE YOURSELF  ကို ဧပြီ ၄ ရက်မှာ ဖြန့်ချိခဲ့ပါတယ်။ သီိချင်း ၁၀ ပုဒ်ပါဝင်တဲ့ အဲဒီအယ်လ်ဘမ်ဟာ ပြည်တွင်းနဲ့ နိုင်ငံတကာပရိသတ်တွေ ထံကနေ စိတ်ဝင်စားမှုတော်တော်များများ ရရှိနေပါတယ်။ 
ဖြန့်ချိတဲ့နေ့မှာပဲ FACE YOURSELF  အယ်လ်ဘမ်ဟာ နိုင်ငံပေါင်း ၄၉ နိုင်ငံမှာရှိတဲ့ iTunes အယ်လ်ဘမ် ဇယားမှာ ထိပ်ဆုံးရောက်ရှိနေပြီးတော့ “Don’t Leave Me” သီချင်းဟာ နိုင်ငံပေါင်း ၃၅ နိုင်ငံမှာ နံပါတ် တစ်နေရာရရှိထားပါတယ်။ “Don’t Leave Me” သီချင်းကို tvN ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ လူကြည့်နှုန်းမြင့်တဲ့ Signal ဒရမ်မာကို ဂျပန်မှီငြမ်း ဒရမ်မာရဲ့ အဓိကသီချင်းအနေနဲ့ အသုံးပြုမှာဖြစ်ပါတယ်။ 

 

hellokpop

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!