Banner Top

Member Area

“While You Were Sleeping” ဇာတ်လမ်းတွဲ လူကြည့်နှုန်းနဲ့ပတ်သက်လို့ မစိုးရိမ်တဲ့ လီဂျောင်ဆော့

  •  Micky
  • Category: Music

မင်းသား လီဂျောင်ဆော့ဟာ ဆူဂျီနဲ့အတူ တွဲပြီးသရုပ်ဆောင်ထားတဲ့ “While You Were Sleeping” ဇာတ်လမ်းတွဲနဲ့ပတ်သက်လို့ ပြောကြားပေးခဲ့ပါတယ်။ Biz Enter နဲ့ ပြုလုပ်ခဲဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူဟာ စက်တင်ဘာလထဲဲမှာ ထုတ်လွှင့်ဖို့ စီစဉ်ထားတဲ့ ဒရမ်မာနဲ့ပတ်သက်တဲ့ အတွေးအမြင်တွေကို ပြောပြပေးခဲ့ပါတယ်။

ဇာတ်လမ်းတစ်ခုလုံးကို ရိုက်ကူးပြီးမှ ထုတ်လွှင့်မယ့် ဒီဒရမ်မာမှာဆိုရင် လီဂျောင်ဆော့ဟာ အဓိကဇာတ်ကောင်း ဂျောင်ဂျယ်ချန်းအဖြစ် သရုပ်ဆောင်ထားပါတယ်၊ ဇာတ်လမ်းကို အပြီးသတ်ရိုက်ကူးပြီးမှ KBS2 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ “Descendants of the Sun” ကသာ လူကြည့်နှုန်းများခဲ့တာဖြစ်ပြီး ကျန်ရှိတဲ့ ကြိုတင်ရိုက်ကူးထားတဲ့ဒရမ်မာတွေဟာ လူကြည့်နှုန်းမှာတော့ သိပ်ကံမကောင်းလှပါဘူး။

အဲဒါနဲ့ပတ်သက်လို့ လီဂျောင်ဆော့က အခုလိုမှတ်ချက်ပေးပြောကြားထားပါတယ်။

“ကျွန်တော်အရင်တုန်းက ဇာတ်ညွှန်းတွေနဲ့ ဇာတ်လမ်းတွေကို ကောင်းကောင်းရွေးချယ်နိုင်ခဲ့တယ်လို့ လူတော်တော်များများက ပြောကြတဲ့အခါ ရိုးရိုးသားသားပြောရင် ကံကောင်းခဲ့တာပါ၊ ဒါပေမယ့် အဲဒီကံကောင်းမှုက ‘While You Were Sleeping.' မှာလည်း အကျိုးဆက်ပြီးသက်ရောက်လိမ့်ဦးမယ်လို့ ကျွန်တော် ထင်ပါတယ်”

Lee Jaung Sout

 

“While You Were Sleeping” ဇာတ်လမ်းတွဲဟာ “Pinocchio” နဲ့ “I Hear Your Voice“ တိို့ု ရေးသားပေးခဲ့တဲ့ စာရေးဆရာမ ပတ်ဟယ်ရုံး တတိယမြောက်လက်တွဲရိုက်ကူးတဲ့ ဒရမ်မာလည်း ဖြစ်ပါတယ်။
“စာရေးဆရာတစ်ယောက်အနေနဲ့ သူဟာ ကြိုတင်ရိုက်ကူးထားတဲ့ ဒရမ်မာတစ်ခုကို အကောင်းမွန်ဆုံးရေးသားနိုင်ပါတယ်”

လောလောဆယ်မှာတော့ လီဂျောင်ဆော့ဟာ “V.I.P” လို့အမည်ရတဲ့ ရုပ်ရှင်မှာ ပါဝင်ထားပါတယ်။ ကဲ ပရိသတ်ကြီးရော ဆူဂျီနဲ့အတူ သရုပ်ဆောင်ထားတဲ့ လီဂျောင်ဆော့ရဲ့ ဒရမ်မာကို မျှော်လင့်နေကြပြီလား။

 

Ref:soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top