Warning
  • JUser: :_load: Unable to load user with ID: 935

Banner Top

Member Area

ဂျပန်ဝတ္ထုကို အခြေခံရိုက်ကူးမည့် ရုပ်ရှင်တွင် ဆိုဂျီဆပ်နှင့် ဆွန်းယယ်ဂျင်းတို့ ပါဝင်မည်ဟု အတည်ပြု

  •  
  • Category: Music

ဆိုဂျီဆပ်နဲ့ ဆွန်းယယ်ဂျင်းတို့ဟာ ၁၆ နှစ်ကြာပြီးတဲ့နောက် ရုပ်ရှင်တစ်ခုတည်းမှာ အတူတွဲသရုပ်ဆောင်ကြတော့မှာ ဖြစ်ပါတယ်၊ အဲဒီရုပ်ရှင်ကိုတော့ “I’m on My Way to Meet You” လို့ လောလောဆယ်အမည်ပေးထားပြီးတော့ ဒီဇာတ်လမ်းမှာ ကင်ဂျီဟွမ်၊ ဂိုချန်းဆော့၊ လီဂျွန်းယော့၊ ဆွန်းယောအွန်း၊ လီယူဂျင်၊ ကင်ယောင်ဆူးနဲ့ ဘေယူရမ်တို့ ပါဝင်ထားကြပါတယ်။ ရိုက်ကူးရေးကိုတော့ သြဂုတ် ၁၂ ရက်မှာ စတင်ခဲ့တာဖြစ်ပါတယ်။

ဂျပန်ဝတ္ထုကို အခြေခံထားတဲ့ “I’m on My Way to Meet You” ရုပ်ရှင်ကတော့ ခင်ပွန်းသည် ဖြစ်သူကို ယုံကြည်ရခက်တဲ့ ကတိစကားတွေ ပေးခြဲ့့ပီး ကွယ်လွန်ခဲ့တဲ့အမျိုးသမီးတစ်ဦးက တစ်နှစ်ကြာပြီးတဲ့နောက် မိုးရွာတဲ့နေ့တစ်နေ့မှာ ပြန်လာခဲ့တဲ့ အကြောင်း ရိုက်ကူးမှာဖြစ်ပါတယ်၊ ဒါပေမယ့် တစ်နှစ်ကြာပြီးတဲ့နောက် ခင်ပွန်းသည်အရှေ့မှာ ပြန်ပေါ်လာတာမဟုတ်ဘဲ သားဖြစ်သူရဲ့ အရှေ့မှာ ပြန်ပေါ်လာခဲ့တာဖြစ်ပါတယ်။

japan story

ကလေးသရုပ်ဆောင် ကင်ဂျီဟွမ်းကတော့ သားအဖြစ် ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး ဆိုဂျီဆပ်ရဲ့ လုပ်ဖော်ကိုင်ဖက် အဖြစ် လီဂျွန်ယော့က ပါဝင်မှာ ဖြစ်ပါတယ်။ ဂိုချန်းဆော့ကတော့ ဆိုဂျီဆပ်ရဲ့ သူငယ်ချင်းအဖြစ်နဲ့ ပါဝင်မှာ ဖြစ်ပြီး ဒါဟာ သရုပ်ဆောင်နှစ်ဦး ရဲ့ ဒုတိယအကြိမ်မြောက် အလုပ်အတူ တွဲလုပ်တာပဲ ဖြစ်ပါတယ်၊ ဆိုဂျီဆပ်နဲ့ ဆွန်းယယ်ဂျင်းတို့ဟာလည်း ၂၀၀၁ ခုနှစ်မှာ “Delicious Proposal” ဆိုတဲ့ ရုပ်ရှင်မှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

I am on my Way to Meet You ဆိုတဲ့ရုပ်ရှင်ကို ၂၀၁၈ ခုနှစ်ထဲမှာ ဖြန့်ချိနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

Ref:soompi

Banner Top