Banner Top

Member Area

၇ နှစ်ကြာပြီးနောက် SidusHQ အေဂျင်စီကနေ နုတ်ထွက်လိုက်ကြောင်း ကင်ဆိုယောင်း အတည်ပြု

  •  Micky
  • Category: Music

ကင်ဆိုယောင်းဟာ သူ့ရဲ့ အေဂျင်စီဖြစ်တဲ့ SidusHQ ကနေ နုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။ သြဂုတ် ၃၁ ရက်မှာ သူ့ရဲ့ စီမံခန့်ခွဲမှုကို အဆုံးသတ်ဖို့အတွက် ဆွေးနွေးမှုတွေကို တော်တော်များများလုပ်ပြီးတဲ့နောက်မှာ အခုလိုမျိုးသဘောတူခဲ့ကြတာဖြစ်တယ်လို့ SidusHQ က အတည်ပြုလို်က်ပါတယ်။ အေဂျင်စီက အခုလိုမျိုး ပြောထားပါတယ်။

"ကျွန်တော်တို့နဲ့အချိန်အကြာကြီးအတူတူရှိခဲ့တဲ့ ကင်ဆိုယောင်းရဲ့ ဆန္ဒတွေကို လေးစားဖို့အတွက် ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်၊ ပြီးတော့ အံ့သြလောက်ဖွယ် မင်းသမီးတစ်ယောက်အနေနဲ့ ကြီးပြင်းလာဖို့အတွက် ကင်ဆိုယောင်းရဲ့ အနာဂတ်ကိုလည်း ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်" ကင်ဆိုယောင်းဟာ သူအနုပညာလောကထဲကို ရောက်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ကစလို့ ခုနှစ်နှစ်ကြာ SidusHQ နဲ့ အတုူရှိခဲ့တာဖြစ်ပါတယ်။

Kim So Yaung

 

အတည်မပြုနိုင်သေးတဲ့ ကောလာဟလသတင်းတွေအရဆိုရင် သူဟာ တစ်ဦးတည်းပိုင် အေဂျင်စီတစ်ခုကို ထူထောင်နိုင်ချေရှိတယ်လို့ အနုပညာလုပ်ငန်း ကိုယ်စားလှယ်တွေက ပြောကြားခဲ့ပေမယ့်လည်း သူ့မိသားစုနဲ့ အရာရာကို ဆွေးနွေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်၊ သူဟာ အထက်တန်းအရည်အချင်းစစ်စာမေးပွဲကို အောင်မြင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ကောလိပ်တက်ဖို့ ပြင်ဆင်နေတယ်လို့ အခုသီတင်းပတ်အစောပိုင်းမှာပဲ ကြေညာခဲ့ပြီးဖြစ်ပါတယ်။

Ref:soompi

Banner Top