Banner Top

Member Area

Wanna One အဖွဲ့ရဲ့ 'Beautiful (Part III) မှာ Lai Kuanlin ပါဝင်လာမယ်

  •  Y Nay
  • Category: Music

Lai Kuanlin ဟာ Wanna One အဖွဲ့ရဲ့ အထူးဖြန့်ချိမှုတစ်ခုမှာ ပါဝင်လာတော့မှာဖြစ်ပါတယ်။

ဇန်နဝါရီ ၁၁ ရက်မှာ လက်ရှိတရုတ်နိုင်ငံမှာ ပရိုမိုးရှင်းလုပ်နေတဲ့ Lai Kuanlin က 'Beautiful (Part III)' အတွက် သူပါဝင်ရမယ့်အပိုင်းကို အသံသွင်းယူပြီးဖြစ်တယ်လို့ CJ ENM က အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် မကြာခင်ထွက်လာမယ့် သီချင်းအသစ်မှာ အဖွဲ့ဝင် ၁၁ ယောက်လုံး ပါဝင်လာတော့မှာလည်း ဖြစ်ပါတယ်။

အရင်တွေက သတင်းတွေမှာပါခဲ့သလိုပဲ Wanna One အဖွဲ့ဟာ ၂၀၁၇ ခုနှစ်က ဖြန့်ချိခဲ့တဲ့ 'Beautiful' နဲ့ ၂၀၁၈ ခုနှစ်မှာဖြန့်ချိခဲ့တဲ့'Beautiful (Part II)' တို့ ရဲ့ ဆက်တိုက်ထုတ်လုပ်မှုအနေနဲ့ သီချင်းတစ်ပုဒ်ကို ဖြန့်ချိမှာလည်းဖြစ်ပါတယ်။ အဲဒီသီချင်းအသစ်ကို လာမယ့် ဇန်နဝါရီ ၂၇ ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီမှာ ဂီတနားထောင်လို့ရတဲ့ ပလက်ဖောင်းတွေကနေတဆင့် ဖြန့်ချိမှာလည်း ဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top