Banner Top

Member Area

၂၀၂၀ ပြည့်နှစ်အတွင်း SM အင်တာတိန်းမန့်ရဲ့အရောင်းရဆုံး အယ်လ်ဘမ် ၁၇ ချပ်

  •  mpc
  • Category: Music

SM အင်တာတိန်းမန့်ဟာဆိုရင် K-Pop အနုပညာလုပ်ငန်းကို ဉီးဆောင်နေတဲ့ ကုမ္ပဏီတွေထဲက ကုမ္ပဏီတစ်ခုပါ။

EXO၊ NCT၊ Red Velvet၊ Girls’ Generation၊ SHINee နဲ့ Super Junior အဖွဲ့တွေလို အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေအပြင် အခြားသောအနုပညာရှင်တွေရှိနေတဲ့ ဒီကုမ္ပဏီဟာ အယ်လ်ဘမ်တွေများစွာရောင်းချနေရတာဟာ အံ့သြစရာတစ်ခုတော့ မဟုတ်ပါဘူး။

Hanteo ဒေတာပေါ်အခြေခံထားတဲ့ SM အင်တာတိန်းမန့်ရဲ့ ၂၀၂၀ ပြည့်နှစ်အတွက် ရောင်းအားအကောင်းဆုံးအယ်လ်ဘမ် ၁၇ ခုကို ဖော်ပြပေးလိုက်ပါတယ်။

17. Chocolate by MAX

17.Mx

MAX ရဲ့ ပွဲဉီးထွက်အယ်လ်ဘမ်ဖြစ်ပြီး ဧပြီလ ၆ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။ ခေါင်းစဉ်သီချင်းအမည်ကတော့ "Chocolate" ဖြစ်ပြီး ကော်ပီအချပ်ရေပေါင်း 85.1k ရောင်းချခဲ့ရပါတယ်။

16. Timeless by Super Junior

16jpg

ဒီအယ်လ်ဘမ်ဟာဆိုရင် Super Junior အဖွဲ့ရဲ့ နဝမမြောက် full-length အယ်လ်ဘမ် "Time_Slip" ရဲ့ repackage ဗားရှင်းဖစ်ပြီး ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။ “2YA2YAO!” လို့အမည်ပေးထားတဲ့ ခေါင်းစီးသီချင်းနဲ့အတူ ကော်ပီအချပ်ရေပေါင်း 85.4k ရောင်းချခဲ့ရပါတယ်။

15. What Do I Call You by Taeyeon

15

Taeyeon ရဲ့ လေးခုမြောက် မီနီအယ်လ်ဘမ်ဖြစ်ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ဖြန့်ချိခဲ့ကာ ကော်ပီအချပ်ရေပေါင်း 89.3k ရောင်းချခဲ့ရပါတယ်။ ခေါင်းစီးသီချင်းကတော့ "Happy" ဖြစ်ပါတယ်။

14. Never Gonna Dance Again: Act 2 by Taemin

14

တတိယမြောက် full-length အယ်လ်ဘမ်ရဲ့ ဒုတိယပိုင်းဖြစ်ပြီး နိုဝင်ဘာလ ၉ ရက်နေ့မှာ ဖြန့်ချိခဲ့ပါတယ်။ ခေါင်းစီးသီချင်းကတော့ “IDEA:理想”လို့အမည်ပေးထားပြီး ကော်ပီအချပ်ရေပေါင်း 110.3k ရောင်းချခဲ့ရပါတယ်။

13. When We Were Us by Super Junior-KRY

13

ဇွန်လ ၈ ရက်နေ့မှာ ဖြန့်ချိခဲ့တဲ့ Super Junior-KRY ရဲ့ ပထမဆုံးသော မီနီအယ်လ်ဘမ်ဖြစ်ပြီး ခေါင်းစီးသီချင်းကတော့ “When We Were Us”လို့ အမည်ပေးထားပါတယ်။ ကော်ပီအချပ်ရေပေါင်း 129.8k ရောင်းချခဲ့ရပါတယ်။

12. Never Gonna Dance Again: Act 1 by Taemin

12

“Criminal” လို့အမည်ပေးထားတဲ့ ခေါင်းစီးသီချင်းပါဝင်တဲ့ ဒီအယ်လ်ဘမ်ဟာဆိုရင် တတိယမြောက် full-length အယ်လ်ဘမ်(ပထမပိုင်း) ဖြစ်ပြီး စက်တင်ဘာလ ၇ ရက်နေ့မှာ ထွက်ရှိခဲ့ကာ ကော်ပီအချပ်ရေပေါင်း 135.4k ရောင်းချခဲ့ရပါတယ်။

11. Monster by Red Velvet’s Irene & Seulgi

11

Red Velet အဖွဲ့ဝင်နှစ်ဉီးရဲ့ ဒီမီနီအယ်လ်ဘမ်ဟာဆိုရင် ကော်ပီအချပ်ရေပေါင်း 181.0kရောင်းချခဲ့ရပါတယ်။ ဇူလိုင်လ ၆ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး ခေါင်းစီးသီချင်းကတော့ “Monster” ဖြစ်ပါတယ်။

10. Bad Blood by Super Junior-D&E

10jpg

ခေါင်းစီးသီချင်းကို “B.A.D” လို့အမည်ပေးထားတဲ့ အဖွဲ့ရဲ့ ပဉ္စမမြောက်မီနီအယ်လ်ဘမ်ဖြစ်ပြီး စက်တင်ဘာလ၃ရက်နေ့မှာ ဖြန့်ချိခဲ့ကာ ကော်ပီအချပ်ရေပေါင်း 191.7k ရောင်းချခဲ့ရပါတယ်။

9. Self-Portrait by Suho

9

EXO အဖွဲ့ဝင်လည်းဖြစ်သလို အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဉီးလည်း ဖြစ်တဲ့ Suho ရဲ့ တစ်ကိုယ်တော်ပွဲဉီးထွက် မီနီအယ်လ်ဘမ်ဖြစ်ပြီး ခေါင်းစီးသီချင်းကတော့ “Let’s Love” ဖြစ်ပါတယ်။ မတ်လ ၃၀ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး ကော်ပီအချပ်ရေပေါင်း 252.2k ရောင်းချခဲ့ရပါတယ်။

8. KAI (开) by Kai

8

ဒီအယ်လ်ဘမ်ဟာဆိုရင်လည်း EXO အဖွဲ့ဝင် Kai ရဲ့ ပွဲဉီးထွက် မီနီအယ်လ်ဘမ်ဖြစ်ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ဖြန့်ချိခဲ့ကာ ကော်ပီအချပ်ရေပေါင်း 299.3k ရောင်းချခဲ့ရပါတယ်။ ခေါင်းစီးသီချင်းကတော့ “Mmmh” ဖြစ်ပါတယ်။

7. Neo Zone: The Final Round by NCT 127

7

NCT 127ရဲ့ ဒုတိယမြောက် repackage အယ်လ်ဘမ်ဖြစ်ပြီး မေလ ၁၉ ရက်နေ့မှာ ဖြန့်ချိခဲ့ပါတယ်။ ခေါင်းစီးသီချင်းကတော့ “Punch”ဖြစ်ပြီး ကော်ပီအချပ်ရေပေါင်း 351.5k ရောင်းချခဲ့ရပါတယ်။

6. Neo Zone by NCT 127

6

အဖွဲ့ရဲ့ဒုတိယမြောက် full-length အယ်လ်ဘမ်ဖြစ်ပြီး ခေါင်းစီးသီချင်းကတော့ “Kick It” ဖြစ်ပါတယ်။ မတ်လ ၆ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး ကော်ပီအချပ်ရေပေါင်း 463.8kရောင်းချခဲ့ရပါတယ်။

5. 1 Billion Views by EXO-SC

5

ဇူလိုင်လ ၁၃ ရက်နေ့မှာ ဖြန့်ချိခဲ့တဲ့ အဖွဲ့ရဲ့ ပထမဆုံး full-length အယ်လ်ဘမ်ဖြစ်ပြီး ကော်ပီအချပ်ရေပေါင်း 486.5k ရောင်းချခဲ့ရပါတယ်။ ခေါင်းစီးသီချင်းကတော့ “1 Billion Views” ပါ။

4. Resonance Pt. 2 by NCT

4

ဒုတိယမြောက် full-length အယ်လ်ဘမ်ရဲ့ ဒုတိယပိုင်းဖြစ်ပြီး ကော်ပီအချပ်ရေပေါင်း 562.3k ရောင်းချခဲ့ရပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး ခေါင်းစီးသီချင်းတွေကတော့ “90’s Love” နဲ့ “Work It”တို့ဖြစ်ပါတယ်။

3. Reload by NCT Dream

3

စတုတ္ထမြောက် မီနီအယ်လ်ဘမ်ဖြစ်ပြီး ခေါင်းစီးသီချင်းကတော့ “Ridin'”လို့အမည်ပေးထားပါတယ်။ ဧပြီလ ၂၉ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး ကော်ပီအချပ်ရေပေါင်း 564.4k ရောင်းချခဲ့ရပါတယ်။

2. Resonance Pt.1 by NCT

ဒုတိယမြောက် full-length အယ်လ်ဘ

2jpgမ်ရဲ့ ပထမပိုင်းဖြစ်ပြီး အောက်တိုဘာလ ၁၂ ရက်နေ့မှာ ဖြန့်ချိခဲ့ပါတယ်။ ခေါင်းစီးသီချင်းတွေကတော့ “Make a Wish (Birthday Song)”နဲ့ “From Home”တို့ဖြစ်ပြီး ကော်ပီအချပ်ရေပေါင်း 890.3kရောင်းချခဲ့ရပါတယ်။

1. Delight by Baekhyun

1jpg

Baekhyun ရဲ့ ဒုတိယမြောက် မီနီအယ်လ်ဘမ်ဖြစ်ပြီး မေလ ၂၅ ရက်နေ့မှာ ဖြန့်ချိခဲ့ကာ ကော်ပီအချပ်ရေပေါင်း 926.6kရောင်းချခဲ့ရပါတယ်။ ခေါင်းစီးသီချင်းကတော့ “Candy”ဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top