Logo
Print this page

TWICE နဲ့ BLACKPINK တို့ရဲ့ ပွဲဦးထွက်တွေနဲ့ နှိုင်းယှဉ်ပြောဆိုခံနေရတဲ့ aespa အဖွဲ့

ပရိသတ်တော်တော်များများကတော့ aespa အဖွဲ့ဟာ တစ်နှစ်တာအတွက် တက်သစ်စဆုကို ရလိမ့်မယ်လို့ ပြောဆိုနေကြပါတယ်။

နိုဝင်ဘာ ၁၇ ရက်မှာ aespa အဖွဲ့ဟာ 'Black Mamba' သီချင်းနဲ့ ပွဲဦးထွက်လာခဲ့ပါတယ်။ Winter, Karina, NingNing နဲ့ Giselle တို့ရဲ့ သူတို့ရဲ့ အရည်အချင်း၊ Visual တွေနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ်။ 'Black Mamba' အတွက် ဂီတဗီဒီယိုကိုတော့ ပရိသတ်တွေက တော်တော်လေး အကောင်းမြင်နေတာကိုတွေ့ရပါတယ်။

1605678509435 0


'Black Mamba' ဂီတဗီဒီယိုဟာ ကြည့်ရှုသူ ၁၀ သန်းကို အမြန်ဆုံးရောက်ရှိခဲ့တဲ့ ပွဲဦးထွက် ဗီဒီယိုဖြစ်လာခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ ဖြန့်ချိပြီး ၉ နာရီအတွင်းမှာ အဲ့ဒီစံချိန်မှတ်တိုင်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်တုန်းကတော့ အဲ့ဒီစံချိန်ကို TXT အဖွဲ့ရဲ့ 'Crown' ဂီတဗီဒီယိုက တင်ထားခဲ့တာဖြစ်ပြီး Youtube မှာ ကြည့်ရှုသူ ၁၀ သန်းကို ၁၃ နာရီအတွင်း ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။
အခုလိုမျိုးအဖွဲ့ရဲ့ အောင်မြင်တဲ့ ပွဲဦးထွက်ကို ကြည့်ပြီးတော့ ပရိသတ်တော်တော်များများက aespa အဖွဲ့ရဲ့ ပွဲဦးထွက်ကို ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်တို့မှာ ပြုလုပ်ခဲ့တဲ့ TWICE နဲ့ BLACKPINK အဖွဲ့တို့ရဲ့ ပွဲဦးထွက်တွေနဲ့ နှိုင်းယှဉ်ပြောကြားလာကြပါတယ်။

1605678606235 0


အင်တာနက်အသုံးပြုသူတော်တော်များများကတော့ ကုမ္ပဏီကြီးတွေရဲ့ တက်သစ်စအဖွဲ့တွေဟာ ပွဲဦးထွက်ပြီး မကြာမီမှာပဲ အောင်မြင်မှုရဖို့လွယ်တယ်ဆိုတာကိုတော့ သဘောတူကြပါတယ်။ အင်တာနက်အသုံးပြုသူတွေကတော့ ဂီတခရီးလမ်းအစမှာကတည်းက အခိုင်အမာအောင်မြင်မှုရတဲ့ စွမ်းအားပြင်း မိန်းကလေးအဖွဲ့တွေထဲ aespa အဖွဲ့ကို ထပ်ပေါင်းလိုက်ကြပြီဖြစ်ပါတယ်။
aespa အဖွဲ့ရဲ့ ပွဲဦးထွက် ဂီတဗီဒီယိုဖြစ်တဲ့ 'Black Mamba' ကိုအောက်မှာ ကြည့်နိုင်ပါတယ်။

 

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!