Banner Top

Member Area

အချစ်ဟာသရုပ်ရှင်နဲ့ဟောလိဝုဒ်မှာပွဲဦးထွက်မယ့် Nickhun

  •  WN
  • Category: Movie

2PM အဖွဲ့ဝင် Nickhun ဟာ မကြာခင် ဟောလိဝုဒ် အနုပညာလောကထဲမှာ ပွဲဦးထွက်လာတော့မယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၃ ရက်မှာ Nickhun ဟာ 'Hong Kong Love Story' ဆိုတဲ့ဟောလိဝုဒ်ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသား အနေနဲ့ ပါဝင်ဖို့ရွေးချယ်ခံလိုက်ရတယ်လို့ သတင်းထွက်ခဲ့ပါတယ်။

201486918 1280
'Hong Kong Love Story' ကတော့ 'Hunt to Kill' (2010), 'A Good Man' (2014), 'End of a Gun' (2016) တို့လိုမျိုး ရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Keoni Waxman ရိုက်ကူးမယ့် အချစ်ဟာသဇာတ်မြူး ရုပ်ရှင်လည်း ဖြစ်ပါတယ်။

201486919 1280
Nickhun နဲ့အတူ ဟောင်ကောင်နွယ်ဖွားအမေရိကန်မင်းသား Byron Mann လည်း ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ 'Die Another Day' နဲ့ 'Memoirs of a Geisha' တို့လို ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့သူ ဟောင်ကောင် မင်းသား Kenneth Tsang လည်း ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

201486920 1280

အခုရုပ်ရှင်ဟာ မင်းသား Byron Mann ရဲ့ တကယ့်ဘဝအတွေ့အကြုံကို အခြေခံထားတာဖြစ်တယ်လို့လည်း သိရပါတယ်။ Nickhun နဲ့ မင်းသား Byron Mann တို့ဟာ ဟောင်ကောင်ကိုသွားခဲ့ကြတဲ့ ချမ်းသာတဲ့မိသားစုတွေရဲ့ သားတွေဖြစ်ကြပြီး အချစ်နဲ့ ရည်းနှီးမှုရဲ့ အဓိပ္ပါယ်ကို သူတို့ကို သင်ကြားပေးဖို့ ဖြစ်ရပ်မျိုးစုံနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

'Hong Kong Love Story' ရုပ်ရှင်ထုတ်လုပ်ရေးကို လာမယ့်လမှာ စတင်နိုင်မယ်လို့ သိရပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top