Logo
Print this page

မင်းသားရောဘတ်ပတ်တင်ဆန်ပါဝင်မယ့် ရုပ်ရှင်အသစ်တစ်ခုဖန်တီးဖို့ ဒါရိုက်တာ ဘုံးဂျွန်ဟို ဆွေးနွေးနေ

ဒါရိုက်တာ ဘုံးဂျွန်ဟိုဟာ သူ့ရဲ့ ရုပ်ရှင်အသစ်မှာ မင်းသားရောဘတ်ပတ်တင်ဆန်ကို ထည့်သွင်းရိုက်ကူးဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၉ ရက်မှာ Deadline Hollywood သတင်းရဲ့အဆိုအရ 'Twilight' နဲ့ 'Batman' မင်းသား ရောဘတ် ပတ်တင်ဆန်ဟာ ဒါရိုက်တာ ဘုံးဂျွန်းဟိုရဲ့ ရုပ်ရှင်အသစ်မှာ ပါဝင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

20220120 005532 078 0

ဒါရိုက်တာဘုံးဂျွန်ဟိုဟာ Warner Bros ထုတ်လုပ်ရေးအတွက် Edward Ashton ရဲ့ ဝတ္ထု 'Mickey7' ကို အခြေခံထားတဲ့ အမည်မပေးရသေးတဲ့ ရုပ်ရှင်ကို ရိုက်ကူးဖို့ ဆွေးနွေးနေတာလည်းဖြစ်ပါတယ်။ Deadline မီဒီယာရဲ့အဆိုအရ ဒါရိုက်တာဘုံးဂျွန်ဟိုဟာ အဲဒီရုပ်ရှင်အသစ်ကို သူ့ရဲ့ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Offscreen ကနေတဆင့် ထုတ်လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

အားလုံးသိကြတဲ့အတိုင်းပဲ ဒါရိုက်တာဘုံးဟာ တောင်ကိုရီးယားမှာ နာမည်အကျော်ကြားဆုံးနဲ့ အရည်အချင်းအရှိဆုံး ဒါရိုက်တာတစ်ယောက်လည်းဖြစ်ပါတယ်။ သူနောက်ဆုံး ရိုက်ကူးခဲ့တဲ့ 'Parasite' ရုပ်ရှင်ဟာ အော်စကာဆုပေးပွဲမှာ အကောင်းဆုံး ဒါရိုက်တာဆုနဲ့ အကောင်းဆုံး ဇာတ်ကားဆုတွေကို ရရှိထားပါတယ်။

20220120 004824 343 0

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!