ကမ္ဘာကျော် Brand တွေရဲ့ သံတမန်တွေဖြစ်ကြတဲ့ EXO အဖွဲ့ဝင်များ
- BB
- Category: Trend
EXO အဖွဲ့ဟာ ဟာ K-popလောကသမိုင်းမှာတကယ်ကို အစဉ်အလာကောင်းတဲ့အဖွဲ့တစ်ခုပါ။
သူတို့ရဲ့ အမြဲမှတ်တရဖြစ်နေစေမဲ့သီချင်းတွေနဲ့ သီချင်းလောကမှာ တစ်ခဲနက်လွှမ်းမိုးနိုင်မှုတွေအပြင် ဂီတပညာရှင်၊အဆိုတော်အခွေ သန်းချီရောင်းချရသူတွေ တိုက်ခန်းပိုင်ရှင်တွေ စတဲ့တကိုယ်တော်အောင်မြင်မှုတွေရရှိရုံသာမက ဖက်ရှင်လောကမှာပါ လွှမ်းမိုးနိုင်သူတွေပါ။
အဖွဲ့လိုက် တံဆိပ်သေးသေးလေးတစ်ခုနဲ့အတူပူးပေါင်းလုပ်ဆောင်ရာကနေ ဈေးကွက်အတွင်းလူတွေရဲ့ယုံကြည်မှုကိုဖြည်းဖြည်းချင်းရခဲ့ပါတယ်။ သူတို့ညွှန်းတဲ့ပစ္စည်းတွေက တစ်မိနစ်မပြည့်ခင်ရောင်းကုန်သွားလောက်တဲ့အထိကောင်းတဲ့သူတွေပါ။
နှစ်တွေကြာလာတော့ EXO အဖွဲ့ဝင်တွေဟာ နိုင်ငံတကာထိကျော်ကြားတဲ့ တံဆိပ်တွေရဲ့စိတ်ဝင်စားမှုကိုရလာပါတယ်။ အခုဆိုရင် အဖွဲ့ဝင်တချို့က အံ့သြစရာ ကမ္ဘာကျော်ဇိမ်ခံပစ္စည်းတံဆိပ်တွေရဲ့ ကိုယ်စားပြုတွေ ပြောရေးဆိုခွင့်ရရှိသူတွေ ကိုယ်စားလှယ်တွေတောင်ဖြစ်ကုန်ကြပါပြီ။
Kai (Gucci)
EXO ရဲ့ အဓိက အကပညာရှင်ဖြစ်တဲ့ Kai ဟာ Gucci ရဲ့ တကမ္ဘာလုံးဆိုင်ရာကိုယ်စားလှယ်ဖြစ်တဲ့ ပထမဆုံး ကိုးရီးယားလူမျိုးဖြစ်ပါတယ်။သူ့ရဲ့ရုပ်ရည်သွင်ပြင်က နိုင်ငံတကာကပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုရရှိစေပါတယ်။ Kai ဟာ Gucci နဲ့ပတ်သက်တဲ့ပွဲတွေမှာထိပ်ဆုံးကနေခဏခဏပါလေ့ရှိပါတယ်။သူက ကိုယ်စားလှယ်မဖြစ်ခင်ကတည်းက လူတွေကြားထဲကို Gucci ကပစ္စည်းတွေနဲ့ ခဏခဏလူလုံးထွက်ပြတတ်တာမို့ "Gucci လူသား" လို့တောင်ညွှန်းဆိုခံရတဲ့သူပါ။
Baekyun (Burberry Korea)
အခွေ သန်းချီရောင်းရတဲ့ အိုင်ဒေါလေးကတော့ သူ့ရဲ့ကျက်သရေရှိတဲ့ရုပ်ရည်နဲ့သူ့အရည်အချင်းတွေကြောင့် Burberry Korea ရဲ့ ကိုယ်စားလှယ်အသစ်ဖြစ်လာသူပါ။
သူက Harper ရဲ့ Bazaar ရဲ့အောက်တိုဘာလသတင်းအတွက် အဲ့ဒီတံဆိပ်ကပစ္စည်းတွေကိုဝတ်ဆင်ပြီးဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။သူက "Privé Alliance ရဲ့ တွဲဖက်ဖန်တီးမှုဒါရိုက်တာဆိုတာကိုလဲမေ့လို့မရပါဘူးနော်။
Sehun (Pasha De Cartier)
EXO ရဲ့အငယ်ဆုံးလေးဟာလည်း Berluti Korea Music ရဲ့ကိုယ်စားပြုဖြစ်ပြီး Cartier ကိုးရီးယားဆိုင်ရာကမ်ပိန်းရဲ့မော်ဒယ်လည်း ဖြစ်ပါတယ်။
သူရယ် BLACKPINK Jisooရယ် GOT7 က Jackson ရယ်က Pasha de Cartier ရဲ့ ဒီဂျစ်တယ်ပရော့ဂျက်မှာပါဝင်မှာပါ။ Sehun ဟာ Zegna ရဲ့ကိုယ်စားလှယ်ဖြစ်ရုံတင်မကပဲသူ့ရုပ်ရည်က Louis Vuitton ကတောင်ချီးမွှမ်းတာခံရပြီး Dr.Jart ရဲ့ပြောရေးဆိုခွင့်ရှိသူအဖြစ်လည်း ကြေညာခြင်းခံခဲ့ရပါတယ်။
Suho (BVLGARI)
Suho ဟာ တန်ဖိုးမြင့်လက်ဝတ်ရတနာတံဆိပ် BVLGARI ရဲ့ပွဲမှာ ထင်ရှားတဲ့သူ့ရဲ့ကျက်သရေရှိပြီး ခန့်ညားတဲ့ပုံစံလေးကြောင့် သူနဲ့ BLACKPINK အဖွဲ့ဝင် Lisa တို့က အဲ့ဒီတံဆိပ်ရဲ့ ကိုးရီးယားနိုင်ငံရဲ့ ကိုယ်စားပြုတွေဖြစ်ပါတယ်။
Suho ဟာ ထိပ်တန်းအိတ်တံဆိပ်တစ်ခုဖြစ်တဲ့ Bottega ရဲ့ ကိုယ်စားပြုလည်း ဖြစ်ပါတယ်။
Chanyeol (PRADA Korea)
Chanyeol လေးကတော့ Red Velvet က Irene နဲ့အတူ PRADA Korea ရဲ့ အသစ်ရွေးချယ်ခြင်းခံထားရတဲ့ကိုယ်စားလှယ်တွေဖြစ်ပါတယ်။သူတို့ဟာ Vogue Kore aရဲ့ F/W Season Campaign 2020 အတွက်ဓာတ်ပုံရိုက်ပေးရာကနေ Vogue Korea ကနေထောက်ခံပေးလို့ရွေးချယ်ခံရသူတွေပါ။
LAY
EXO ရဲ့ သိုးပေါက်လေး Lay ကတော့ လေးစားစရာကောင်းတဲ့ဆရာ (ဒိုင်) တစ်ယောက်ဖြစ်သလို ကုမ္ပဏီရဲ့ CEO ၊ သရုပ်ဆောင်၊ သီချင်းထုတ်လုပ်သူ၊ အံ့သြစရာကောင်းလှတဲ့အထိဖျော်ဖြေနိုင်သူ စသဖြင့်အရည်အချင်းအများအပြားရှိတဲ့သူပါ။ သူက Valentino ရဲ့ပထမဆုံး တရုတ်ကိုယ်စားပြုဖြစ်ပါတယ်။
သူ့ကိုရွေးချယ်ခဲ့တာဟာ သူ့ရဲ့ အဆုံးမရှိနိုင်တဲ့အရည်အချင်းတွေ ကမ္ဘာတစ်ဝှမ်းမှာလွှမ်းမိုးနိုင်မှုတွေ သူရဲ့ဖက်ရှင်အမြင်တွေကြောင့်ပါလို့ Valentino ကထုတ်ပြောပြခဲ့ပါတယ်။ Lay ဟာ Calvin Klein, Daniel Wellington, Converse, MAC, Chaumet, H&M စတာတွေရဲ့ကိုယ်စားလှယ်လည်း ဖြစ်သလို Biotherm Homme, Tide, Pizza Hut, Tencent တို့ရဲ့ကိုယ်စားပြုလည်း ဖြစ်ပါတယ်။
EXO-L လေးတွေကတော့ EXO ရဲ့ သီချင်းလောကမှာတင်မကပဲ ဖက်ရှင်လောကအပေါ်မှာပါလွှမ်းမိုးနိုင်မှုကို ဂုဏ်ယူနေကြမယ်ထင်ပါတယ်။ အင်တာနက်အသုံးပြုသူတွေကတော့ EXO ကိုကြိုက်နှစ်သက်ကြတာက သူတို့ရဲ့ ရုပ်ရည်တွေ အမှားကင်းတာတွေ ဓာတ်ပုံရိုက်ရင်သဘာဝဆန်ဆန်ရိုက်တာတွေ ဂုဏ်သတင်းကောင်းတာတွေ နှိမ်ချပြီးနေတတ်ပေမဲ့သူတို့ရဲ့အလုပ်မှာထိပ်ဆုံးနေရာမှာရပ်တည်နိုင်တာတွေကြောင့်ပါတဲ့။
ပရိသတ်တွေကတော့ သူတို့ရဲ့ နောက်ထပ်လုပ်မဲ့အနုပညာလှုပ်ရှားမှုတွေနဲ့ D.O, Xiumin, Chenတို့လည်း နာမည်ကြီးတံဆိပ်တွေရဲ့ကိုယ်စားပြုဖြစ်လာဖို့မျှော်လင့်နေကြပါတယ်။
#BB
ဆက်စပ်နေသော ရေးသားချက်များ
-
EXO အဖွဲ့ဝင် Chen ဟာ ဒုတိယမြောက်ရင်သွေးလေးကို ရရှိခဲ့ပြီဖြစ်ကြောင်း SM အတည်ပြု
Chen ဟာ အခုဆိုရင် ကလေးနှစ်ဦးရဲ့ ဖခင်ဖြစ်ခဲ့ပါပြီ။
-
EXO ပရိသတ်တစ်ယောက်မျှဝေထားတဲ့ Baekhyun ကြောင့် လမ်းခွဲခြင်းခံခဲ့ရတဲ့သူ
မကြာသေးခင်က အွန်လိုင်းပေါ်မှာ EXO အဖွဲ့ဝင် Baekhyun ကြောင့် ပြတ်သွားတဲ့အတွဲတစ်တွဲဆိုတဲ့ပို့စ်ဟာ ကေပေါ့ပ်ပရိသတ်တွေအကြားမှာ လူပြောများတဲ့ အကြောင်းအရာတစ်ခုဖြစ်ခဲ့ရပါတယ်။
-
Kai ရဲ့ တစ်ကိုယ်တော်အယ်လ်ဘမ် နိုင်ငံပေါင်း ၅၀ မှ iTunes ဇယားတွေမှာ ထိပ်ဆုံးရောက်နေ
EXO အဖွဲ့ဝင် Kai ဟာ သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ်ဖြစ်တဲ့ KAI (开) ကိုထုတ်ဝေခဲ့ပြီး နိုင်ငံပေါင်း ၅၀ မှ iTunes အယ်လ်ဘမ်ဇယားတွေရဲ့ ထိပ်ဆုံးကို ရောက်ရှိခဲ့ပါတယ်။
-
ကမ္ဘာ့နာမည်ကျော် Brand သံတမန်တွေအဖြစ် တာဝန်ယူထားကြတဲ့ BLACKPINK အဖွဲ့ဝင်များ
BLACKPINK အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Jisoo, Jennie, Roseနဲ့ Lisa တို့ဟာ ကမ္ဘာထိပ်တန်း ဇိမ်ခံ အမှတ်တံဆိပ်တွေရဲ့ Brand သံတမန်တွေဖြစ်ကြပါတယ်။
-
ပရိသတ်တွေမသိလောက်သေးတဲ့ EXO ရဲ့ အငယ်ဆုံး Sehun ရဲ့အကြောင်းအရာ ငါးချက်
Sehun က EXO ထဲမှာ အငယ်ဆုံးဖြစ်သလို အကြီးတွေလောက်သီချင်းမဆိုနိုင်ဘူးလို့ဆိုပြီး အွန်လိုင်းပေါ်မှာမနာလိုသူတွေရဲ့အတိုက်အခိုက်ကိုခံရဆုံးသူပါ။
-
Hyundai TUCSON ပြပွဲမှာ Visual တွေ ထုတ်ပြခဲ့ကြတဲ့ EXO အဖွဲ့ဝင် Kai နဲ့ aespa အဖွဲ့ဝင် Karina
အင်တာနက်အသုံးပြုသူတွေကတော့ SM x Hyundai Motors တို့ရဲ့ performance ပြပွဲမှာ ပါဝင်ကြတဲ့ Idol နှစ်ယောက်အကြောင်း တော်တော်လေး ပြောဆိုနေခဲ့ကြပါတယ်။