Banner Top

Member Area

လီဂျန်ဝူး နဲ့ တက်သစ်စမင်းသမီး ဂျိုဟီဝန်တို့ ချစ်သူတွေဖြစ်ကြပြီ

Featured လီဂျန်ဝူး နဲ့ တက်သစ်စမင်းသမီး ဂျိုဟီဝန်တို့ ချစ်သူတွေဖြစ်ကြပြီ

မင်းသား လီဂျန်၀ူး (၃၈)နှစ်ဟာ သူ့ထက် အသက်၈နှစ်ပိုငယ်တဲ့ တက်သစ်စ မင်းသမီးလေး ဂျိုဟီဝန်(၃၀) နဲ့ ချစ်ကြိုးသွယ်နေပြီလို့ ဇွန် ၂၂ ရက်နေ့က သတင်းတွေ ထွက်ပေါ်လာပါတယ်။

သူတို့နှစ်ဦး ရည်ငံနေတဲ့ ကိစ္စကို သိရှိထားတဲ့ မင်းသား လီဂျန်၀ူးရဲ့ ဟူနူးစ် အနုပညာဖျော်ဖြေရေးလုပ်ငန်းထဲက သတင်းရင်းမြစ်တယောက်က သူတို့ ၂ယောက် အနုပညာလှုပ်ရှားမှုတခုမှာ စီနီယာ-ဂျူနီယာတွေအဖြစ် တပူးတွဲတွဲလုပ်ရင်း အချိန်ကြာလာတာတဲ့အလျောက် နှလုံးသားချင်း နီးစပ်ကာ ချစ်မိသွားခဲ့ကြတာလို့ ပြောပါတယ်။


လီဂျန်၀ူးကတော့ သူတို့ရဲ့ အချစ်ရေးကို ဖုံးကွယ်မထားတဲ့အတွက် သူတို့နှစ်ယောက်ဟာ တယောက် နဲ့ တယောက် သဘောကျချစ်ခင်စုံမက်တဲ့ စုံတွဲအဖြစ် ပတ်ဝန်းကျင်က သိထားကြတယ်လို့လည်း ပြောပါတယ်။ လီဂျန်၀ူးရဲ့ အချစ်ရေးကို ဟူနူးစ် အနုပညာဖျော်ဖြေရေး အေဂျင်စီကလည်း တရားဝင် အတည်ပြုထားသလို လီဂျန်၀ူး နဲ့ ဂျိုဟီဝန်တို့ ချိန်းတွေ့ခဲ့ကြတဲ့ကိစ္စကိုလည်း အတည်ပြုပြောဆိုထားပါတယ်။

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes

ဆက်စပ်နေသော ရေးသားချက်များ

Banner Top