“Crash Landing On You” စီးရီးစုံတွဲ ဟျောင်ဘင်းနဲ့ ဆွန်းယယ်ဂျင်းတို့ လက်ထပ်တော့မယ်
- Y Nay
- Category: News
“Crash Landing On You” စီးရီးထဲက ဗိုလ်ကြီး ဂျောင်ဟျော့နဲ့ ဆဲရီတို့ဟာ မကြာခင်လက်ထပ်တော့မှာ ဖြစ်ပါတယ်။
မင်းသား ဟျောင်းဘင်းနဲ့မင်းသမီး ဆွန်းယယ်ဂျင်းတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်မှာ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးသတင်းကို အတည်ပြုခဲ့တာဖြစ်ပါတယ်။
သူတို့နှစ်ယောက်ဟာ “Crash Landing On You” စီးရီးထဲမှာ အတွဲမိမိ သရုပ်ဆောင်ခဲ့တာကြောင့် ပရိသတ်တွေအားပေးမှုရရှိခဲ့ကြပြီး မကြာခင်မှာပဲ တကယ့်စုံတွဲဖြစ်လာခဲ့တာပါ။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာတော့ သူတို့စုံတွဲရဲ့ ပရိသတ်တွေအတွက် ပျော်ရွှင်ဖွယ် သတင်းတစ်ပုဒ်ကို ယူဆောင်လာခဲ့ပါတယ်။
ဟျောင်ဘင်းဟာ သူ့ကုမ္ပဏီရဲ့ တရားဝင် အင်စတာဂရမ်အကောင့်ကနေ ဆွန်းယယ်ဂျင်းနဲ့ လက်ထပ်တော့မယ့်အကြောင်း ကြေညာခဲ့တာပါ။
ဆက်စပ်နေသော ရေးသားချက်များ
-
ဂျယ်ဂျူးကျွန်းအပါအဝင် နိုင်ငံတခွင် အတူဒိတ်နေခဲ့ကြတဲ့ Hyun Bin နဲ့ Son Ye-jin တို့စုံတွဲ
မင်းသား Hyun Bin နဲ့ မင်းသမီး Son Ye-jin တို့စုံတွဲဟာ ကိုရီးယားနိုင်ငံတဝန်းမှာ အတူဒိတ်နေကြတာကို မြင်တွေ့ခဲ့ရပါတယ်။
-
ဝမ် ၁၀ ဘီလီယံကျော်တန် အဆောက်အဦတွေကို ပိုင်ဆိုင်ထားကြတဲ့ ကိုရီးယားအနုပညာရှင် (၆) ဦး
အခုဖော်ပြမယ့် ကိုရီးယားအနုပညာရှင်တွေကတော့ ဈေးအကြီးဆုံး အဆောက်အဦတွေကို ပိုင်ဆိုင်ထားကြသူတွေဖြစ်ပါတယ်။ -
Hyun Bin နှင့်အတူ tvN ရုပ်သံလိုင်းမှထုတ်လွှင့်မယ့် ဒရမ်မာမှာ မင်းသမီး ပတ်ရှင်ဟေးပါဝင်မယ်
မင်းသမီးပတ်ရှင်ဟေးနဲ့ မင်းသား ယောင်ဘင်းတို့ဟာ ဒရမ်မာအသစ်တစ်ခုမှာ ဆုံတွေ့ကြရတော့မှာ ဖြစ်ပါတယ်။
-
၃ နှစ်အတွင်း ပထမဆုံးဒရမ်မာ ရိုက်ကူးမယ့် မင်းသား Hyun Bin
မင်းသား Hyun Bin ဟာ ဇာတ်လမ်းတွဲတစ်ခုကို ပြန်လည်ရိုက်ကူးတော့မှာဖြစ်ပါတယ်။
-
ဇာတ်လမ်းတွဲမှာ ပထမဆုံးခေါင်းဆောင်မင်းသား အဖြစ်မြင်တွေ့ရမယ့် မင်းသား ဂျောင်ဟယ်အင်း
မင်းသားဂျောင်ဟယ်အင်ကတော့ မကြာခင်မှာပဲ သူ့ရဲ့ ခေါင်းဆောင်မင်းသား အဖြစ် သရုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်၊ JTBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် 'Pretty Noona Who Buys Me Food' ဆိုတဲ့ ဒရမ်မာမှာ အဓိကမင်းသားအနေနဲ့ ပါဝင်မယ်လို့ အတည်ပြုလိုက်ပါပြီ၊ Noona နေရာမှာတော့ မင်းသမီး ဆွန်းယယ်ဂျင်းက ပါဝင်မှာဖြစ်ပါတယ်၊ 'Goblin'၊ 'While You were Asleep' နဲ့ 'Prison Playbook' တို့လိုမျိုး ဒိတ်ဒိတ်ကြဲ ဇာတ်လမ်းတွဲတွေမှာ ဇာတ်ရံအနေနဲ့ ပါဝင်ခဲ့ဖူးလေတော့ အခုဒရမ်မာကတော့ သူ့အတွက် ပထမဆုံး Lead Role အဖြစ်ပါဝင်လာမှာလည်း ဖြစ်ပါတယ်၊
-
ပတ်ဆောဂျွန်းနဲ့ ဂုံဟျိုဂျင်တို့ ဆိုဂျီဆပ်နှင့် ဆွန်းယယ်ဂျင်းတို့ ရုပ်ရှင်တွင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်မည်
မင်းသားပတ်ဆောဂျွန်းနဲ့ မင်းသမီး ဂုံဟျိုဂျင်တို့ဟာ မင်းသားဆိုဂျီဆပ်နဲ့ မင်းသမီး ဆွန်းယယ်ဂျင်းတို့ရဲ့ ရုပ်ရှင်အသစ်ဖြစ်တဲ့ 'Be with You' မှာ ဧည့်သည်သရုပ်ဆောင်တွေအနေနဲ့ ပါဝင်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။