ချန်းဆောင်းရဲ့ သတို့သမီးလောင်းနဲ့ပတ်သက်လို့ JYP အင်တာတိန်းမန့်ဘာပြောလဲ
- Y Nay
- Category: News
အခုဖော်ပြချက်ကတော့ ချန်းဆောင်းရဲ့ သတို့သမီးလောင်းနဲ့ပတ်သက်လို့ JYP အင်တာတိန်းမန့်ရဲ့ ထုတ်ပြန်ချက်ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၅ ရက်မှာ 2PM အဖွဲ့ဝင် ချန်းဆောင်းဟာ သူ့ထက် အသက် ၈ နှစ်ကြီးတဲ့ စီနီယာ အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်တော့မှာဖြစ်တယ်လို့ မီဒီယာအသီးသီးကနေ သတင်းတွေ ဖော်ပြခဲ့ကြပါတယ်။ အဲဒီသတင်းတွေထွက်လာပြီး မကြာမီမှာပဲ JYP အင်တာတိန်းမန့်ကနေ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါတယ်။
အေဂျင်စီက 'ချန်းဆောင်းနဲ့ ကျနော်တို့ရဲ့ စာချုပ်ဟာ ဇန်နဝါရီ ၂၄ ရက်မှာ သက်တမ်းကုန်ဆုံးခဲ့ပါပြီ။ ဒါဟာ အနုပညာရှင်အတွက် ကိုယ်ရေးကိုယ်တာကိစ္စဖြစ်တာကြောင့် အဲဒါကို အတည်ပြုပေးဖို့ ခက်ခဲတယ်ဆိုတာ နားလည်ပေးဖို့ ကျနော်တို့တောင်းဆိုလိုပါတယ်။" လို့မှတ်ချက်ပေးပါတယ်။ ချန်းဆောင်းနဲ့ သူ့ရဲ့ သတို့သမီးလောင်းတို့ဟာ ၂၀၂၂ ခုနှစ်အစောပိုင်းမှာ လက်ထပ်ကြမှာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးဖြစ်ပါတယ်။ ကိုဗစ်-၁၉ ပျံ့နှံ့လာမှုကြောင့် လက်ထပ်ပွဲကို နီးစပ်တဲ့ရင်းနှီးသူတွေ မိသားစုဝင်တွေနဲ့ပဲ သီးသန့်ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဆက်စပ်နေသော ရေးသားချက်များ
-
ဇန်နဝါရီလအတွက် နာမည်အကျော်ကြားဆုံးအမျိုးသားအဆိုတော်အဖွဲ့ဝင် 2PM အဖွဲ့ဝင် Junho
2PM အဖွဲ့ဝင်နဲ့ မင်းသား လီဂျွန်ဟိုဟာ အမျိုးသားအဆိုတော်အဖွဲ့နာမည်ကျော်ကြားမှုအညွှန်းကိန်းမှာ နံပါတ်တစ်နေရာရရှိခဲ့တယ်လို့ သိရပါတယ်။
-
ရိန်းအသေးစားလေးလို့ တခါက အခေါ်ခံခဲ့ရဖူးတဲ့ 2PM အဖွဲ့ဝင် လီဂျွန်ဟို
"ရိန်းအသေးစားလေး" လို့ခေါ်ခံခဲ့ရတဲ့ လီဂျွန်ဟိုကတော့ သီချင်းသီဆိုတာနဲ့ သရုပ်ဆောင်တဲ့ လုပ်ငန်းနှစ်ခုလုံးမှာ ထူးခြားတဲ့အောင်မြင်မှုတွေကို ရရှိခဲ့ပါတယ်။
-
STALKER အပေါ် NICHKHUN ရဲ့တရားစွဲဆိုမှုကို ပလပ်လိုက်လို့ ပရိသတ်တွေ ဒေါသထွက်
တရားရုံးက Nichkhun အမှုကို ပယ်ချလိုက်တာဖြစ်ပါတယ်။
-
အချစ်ဟာသရုပ်ရှင်နဲ့ဟောလိဝုဒ်မှာပွဲဦးထွက်မယ့် Nickhun
2PM အဖွဲ့ဝင် Nickhun ဟာ မကြာခင် ဟောလိဝုဒ် အနုပညာလောကထဲမှာ ပွဲဦးထွက်လာတော့မယ်လို့ သိရပါတယ်။
-
2 PM အဖွဲ့ဝင် Nichkhun နဲ့ DAY6 အဖွဲ့ဝင် Jae တို့ရဲ့ "Big Hero 6:The Series" ဇာတ်လမ်း Preview
2 PM အဖွဲ့ဝင် Nichkhun နဲ့ DAY6 အဖွဲ့ဝင် Jae တို့ရဲ့အသွင်အပြင်အတွက် "Big Hero 6:The Series" ဇာတ်လမ်း Preview ထွက်ရှိတာ ဖြစ်ပါတယ်။
-
2PM ၊ SHINee အဖွဲ့တို့နဲ့ ပြန်ဆုံချင်တယ်လို့ Sandara Park ပြော
'Idol League' အစီအစဉ်မှာ တင်ဆက်သူအသစ်အဖြစ် ပါဝင်ခဲ့တဲ့ Sandara Park နဲ့ BTOB အဖွဲ့ဝင် Seo Eunkwang တို့ဟာ အစီအစဉ်အတွက် ရည်ရွယ်ထားတဲ့တစ်ဦးချင်းစီရဲ့ အစီအစဉ်ကို ပြောပြခွင့်ရခဲ့ပါတယ်။